Page loaded
Skip to main content
Pkart@pkart · Sep 20, 2026

“မြင်းတပ်ဗိုလ်” (The Cavalry Commander)

"Concept & Discription မြန်မာမင်းဆက်အဆက်ဆက် စစ်မြေပြင်တွင် လျင်မြန်ဖြတ်လတ်မှု၊ ထိုးစစ်ဆင်အားနှင့် သတင်းစုံစမ်းစစ်ဆေးရေးတို့၌ အဓိက အရေးပါလှသော မြင်းတပ်ဖွဲ့ ကို အုပ်ချုပ်ကွပ်ကဲရသည့် စစ်ဗိုလ်တစ်ဦးဖြစ်သည်။ မြင်းစီးကျွမ်းကျင်မှု၊ လှံနှင့် ဓားအတတ်တို့၌ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ရပြီး စစ်မြေပြင်၏ ရှေ့တန်းတွင် ရဲရင့်စွာ ဦးဆောင်တိုက်ပွဲဝင်လေ့ရှိသူ ဖြစ်သည်။ သူ၏ မျက်နှာထက်တွင် စစ်တိုက်အတွေ့အကြုံ ရင့်ကျက်မှု၊ တိကျပြတ်သားသည့် ရဲရင့်မှုတို့ ပေါ်လွင်နေသည်။ ညာလက်တွင် မြင်းတပ်သုံး လှံရှည်ကို ကိုင်ဆောင်ထားပြီး ကျောထက်၌ ဓားရှည်ကို လွယ်ထားသည်။ နောက်ကွယ်ရှိ သူ၏ သစ္စာရှိ စစ်မြင်းကြီးနှင့်အတူ စစ်မြေပြင် သို့မဟုတ် ရှေ့တန်းကင်းစခန်းတစ်ခုတွင် ရန်သူ့လှုပ်ရှားမှုကို သတိကြီးစွာ စောင့်ကြည့်နေသည့် ရဲရင့်သော မြင်းတပ်ဗိုလ်၏ ပုံရိပ်ဖြစ်သည်။ Medium - Digital Dimensions - 2160 × 3100 Year of Creation - 2026 Artist Note ""မြင်းတပ်၏ ခွန်အားသည် မြင်းနှင့် လူတို့၏ တစ်သားတည်းကျမှုတွင် တည်ရှိသည်။ မြင်းတပ်ဗိုလ်တစ်ဦးသည် လျှပ်စစ်နွယ်သို့ လျှင်မြန်ရမည်၊ မြေပြင်ကဲ့သို့ ခိုင်ခံ့ရမည်၊ အမိန့်ပေးရာတွင်လည်း ပြတ်သားရမည်။ မြန်မာ့ရိုးရာ စစ်အသုံးအဆောင်များ၊ မောက်တို ခေါင်းဆောင်းများနှင့် လှံ၊ ဓား တို့၏ အနုစိတ်များကို ခေတ်ပြိုင် Character Design စတိုင်ဖြင့် ရောစပ်ကာ ရဲရင့်လှသော စစ်သူကြီး၏ ပုံရိပ်ကို အသက်သွင်းထားခြင်းဖြစ်သည်။"""
Copyright & Licenseall rights reserved
0 comments19

Comments

0

No comments yet. Be the first to respond.